ISM is an application for who are interest and learning Islamic.
(بسم الله الرحمن الرحيم)
(السلام عليكم ورحمة الله وبركاته)
Islamic Study Myanmar Application သည် အလ္လာဟ်အရှင်မြတ်သခင်၏ အလိုတူမှု၊ ခွန်အားပေးမှုတို့ကိုအကြောင်းခံ၍ မုဖ်သီ
မုဟမ္မဒ် နူရွလ္လာဟ် B.E (Civil) ၏ ဦးဆောင်မှုဖြင့် အစ္စလာမ့် အာလင်မ်သာသနာ့ပညာရှင်များပူးပေါင်းကာ သာသနာ့အကျိုးရှေးရှု၍ ကမ္ဘာအရပ်ရပ်ရှိ မြန်မာပြည်ဖွား မြန်မာမွတ်စ်လင်မ် များနှင့် အစ္စလာမ်သာသနာကို စိတ်ဝင်တစား လေ့လာလိုသူများအားလုံးအတွက် အစ္စလာမ်သာသနာဆိုင်ရာ အခြေခံ အသိပညာဗဟုသုတများ တိုးပွားစေရန်သာမက အစ္စလာမ့်ဆိုင်ရာပညာဗဟုသုတများကို လွယ်ကူစွာလေ့လာသင်ယူနိင်စေရန် ရည်ရွယ်ချက်ဖြင့် တည်ဆောက်ထားပါသည်။
ယခု Application ဖြစ်မြောက်ရန် အားပေးကူညီတိုက်တွန်း၍ အကြံဉာဏ်များ ချီးမြှင့်ညွှန်ကြားပေးပါသော ဝေဖာကွလ်မကာသိဗ် ၏ နာယကရှေ့ဆောင်လမ်းပြမီးရှူးတိုင်ကျွန်ုပ်၏ဖခင်ဖြစ်သူ
"ဟဇရသ် မောင်လာနာ မုဖ်သီ အိဒ်ရီးစ်ဆွာဟိဗ်" နှင့်တကွ အွန်လိုင်းသင်တန်းများဖြစ်ပေါ်လာရန် တတ်နိုင်သမျှကူညီအားဖြည့်သင်ကြားပေးပါသော အစ္စလာမ်သာသနာ့ပညာရှင်များအား အလ္လာဟ်အရှင်မြတ်ဘက်မှ ဒွန္နယာ ၊ အာခိရသ် နှစ်ဖြာ ကောင်းကျိုးချမ်းသာများ ချီးမြှင့်ပေးသနားတော်မူပါစေ..
ဒီးန်သာသနာရေး၌ အလ္လာဟ်အရှင်မြတ်သခင် ဆထက်တိုး၍ အလုပ်ယူတော်မူပါစေ !
ဤ Application တည်ဆောက်ရာတွင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ နည်းပညာပိုင်းဆိုင်ရာကိစ္စရပ်များကို အသေးစိတ် ဖန်တီးဖော်ဆောင်ကူညီပေးပါသော
ဆရာဦးစိုးမိုးအောင် LL.B
(Tour Guide - English) နှင့် တကွ
" Learn With S.M.A " English Language Proficiency School မှ အဖွဲ့ဝင်များအားလုံးနှင့် ကျေးဇူးတင်ထိုက်သူများအားလုံးကို Islamic Study Myanmar မှ အထူးကျေးဇူးတင်ရှိပါကြောင်းဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
အလ္လာဟ်အရှင် ဤကြိုးပမ်းမှုကို လက်ခံသဘောတူတော်မူပါစေ။ အာမီးန်
Download and Install this App (40MB)
Install from Google Play
Category | Education App |
Developer | Mufti Nurullah |
Last Update | 07 November, 2025 |
Version Requirement | Minimum 5.0+ |
Application Version | 1.2.1 |
Application Size | 40MB |
0 comments: